နေ့စွဲွ:
ယခုလက်ရှိရောက်နေသောနေရာ:ဟုမ်း-မ် > သတင်းအချက်အလက် > တရုတ်ယူနန > တရုတ်ပြည်အကြောင်း

ယူနန်ပြည်နယ် ပထဝီ အနေအထား

လာရသည့်ပင်ရင်း:  နေ့စ:

ယူနန်ပြည်နယ် သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်ခြား ဒေသ တစ်ခု ဖြစ်ပြီး မြောက်လတ္တီတွဒ်၂၁-၈-၃၂ နှင့် ၂၉-၁၅-၈အကြား၊ အရှေ့အောင်ဂီျတွဒ်၉၇-၃၁-၃၉ နှင့် ၁၀၆-၁၁-၄၇အကြား မှာ တည်ရိှပြီး tropic of cancer ပြည်နယ် တောင်ပိုင်း ကို ဖြတ်ကျော် ထားရာ အနောက်ဘက်နှင့် အရှေ့ဘက် ၈၄၆.၉ကိုလိုမီတာ ကွာဝေး၎င်း၊ တောင်ဘက်နှင့် မြောက်ဘက် ၉၉၀ကိုလိုမီတာ ကွာဝေးပြီး ဧရိယာ စတုရန်းကိုလိုမီ တာ၃.၉၄သိန်း ကျယ်ဝန်း၍ တရုတ်ပြည်၏ ဧရိယာကို ၄.၁%ပါဝင်သည်။ ယူနန်ပြည်နယ် ဧရိယာမှာ တောင်တန်း ဒေသ ၈၄%၎င်း၊ ကုန်းပြင်မြင့်နှင့် ကုန်းမြင့် ဒေသ၁၀% ၎င်း၊ ချိုင့်ဝှမ်း ဒေသ ၆% ပါရိှနေရာ ပင်လယ်ရေမျက်နှာပင် ပျှမ်းမျှဆို မီတာ၂၀၀၀ လောက်ရိှပြီး အမြင့်ဆုံး ပင်လယ်ရေပြင် ၆၇၀၀မီတာရိှရာ အနှီမ့်ဆုံး ပင်လယ်ရေပြင်် ၇၆.၄မီတာ ရိှပါသည်။ ယူနန်ပြည်နယ် သည် အရှေ့ဘက် ကေွးကျူးပြည်နယ် နှင့် ကွမ်စီး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် ဆက်စပ် နေခြင်း၎င်း၊ အရှေ့မြောက်ပိုင်း စီးကျွင်းပြည်နယ်နှင့် ဆက်စပ်ခြင်း၎င်း၊ အနောက်မြောက်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် ဆက်စပ်နေခြင်း၎င်း၊ အနောက်တောင်ပိုင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေခြင်း၎င်း၊ တောင်ပိုင်း လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နယ်နိမိတ်ချင်း ဆက်စပ်နေခြင်း ပြည်နယ် တစ်ပြည်နယ် ဖြစ်၍ ဒီကဲ့သို့ ကြည့်ရင် ယူနန်ပြည်နယ် မြောက်ပိုင်း အာရှတိုက် ကို အားကိုးခြင်း၎င်၊ တောက်ဘက် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ အကြား အင်ဒိုချိုင်းနား ဒေသတွင် တည်ရိှပြီး ပထဝီ အနေအထား ရှုပ်ထွေး နေသည်။

နယ်နိမိတ်ချင်း ကိလိုမီတာ၄၀၆၀ ရှည်ရာ အဲဒီအနက် တရုတ်နှင့် မြန်မာ နယ်နိမိတ်ချင်း ၁၉၉၇ကိုလိုမီတာ၎င်း၊ တရုတ်နှင့် လာအိုနိုင်ငံ နယ်နိမိတ်ချင်း ကိလိုမီတာ၇၁၀၎င်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံ နယ်နိမိတ်ချင်း ၁၃၅၃ကိလိုမီတာ ရှည်နေသည်။ ယူနန်ပြည်နယ် နယ်စပ်ဂိတ် ဖွင့်သည့် သမိုင်းရှည်ရာ သမိုင်းအတွင်း ယူနန်ပြည်နယ် သည် တရုတ်က တောင်အာရှ၊ အာရှအရှေ့ အလယ်ပိုင်း ဒေသ၊ အရှေ့တောင် အာရှ ကို သွားသည့် ကုန်းလမ်းတစ်ခု ဖြစ်ပြီး ပြည်နယ်အတွင်း နိုင်ငံအထွက် ကားလမ်း ၂၀လမ်းရိှရာ တိုင်းရင်းသား လူးမျိုး၁၅မျိုး နိုင်ငံဖြတ်ကျော် နေထိုင် လျက်ရှိသည်။ ယူနန်ပြည်နယ် သည် ထိုင်းနိုင်ငံ၊ ကမ်ပူချားနိုင်ငံ၊ ဘင်င်္ဂ လာဒေ့ရ်နိုင်ငံ နှင့် သိပ်မဝေး တာဖြစ်ပါသည်။

[အရဇယားပြုစုခြင်း]

မူပိုင်းခွင့့်် အရှေ့တောင်အာရှတောင်အာရှသတင်းစင်တာ | မှတ်ပုံတင်ခြင်းတျန်း(ယူနန်)အမှတ် တျန်း(ယူနန်)အမှတ် ၀၉၀၀၅၇၇၃
နည်းပညာပံ့ပိုးမ႐ုပေကျင်းကျုံပိုင်ရှင့်ကုမ္မဏီလီမိတက်